မဟာအောင်မြေ၊ ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီး၍ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်တွင် Mask Campaignကို ယနေ့ နံနက် ၉နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mask Campaign ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်မာရေးမှူးအဆင့်(၁) ဦးအောင်မျိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ကေသီခိုင်နှင့် ဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနှင့် ရာအိမ်းမှူးတို့သည် မဟာမြိုင် (၂)ရပ်ကွက်အတွင်းရှိ ကံလှဈေး၊ အကွက် (၈၂၄) (၈၂၅)ရပ်ကွက် များအတွင်း Mask အခုရေ (၅၀၀)အား ပြည်သူများသို့ ဝေငှပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ပြီး ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ပြန့် ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း Mask များမဖြစ်မနေ တပ်ဆင်သွားလာကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားထားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက အလျဉ်းသင့်သလို Mask များ ပြည်သူများသို့ အခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်