စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူများအား Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ(၁၅)ဦး ရောဂါပိုးတွေ့ရှိ

စဉ့်ကိုင်     ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရေးဓာတ်ခွဲနမူနာများ ရယူခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ Quarantine များတွင်ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာအေးလွင်ကကြီးကြပ်၍   အဖွဲ့ခေါင်းဆောင် ကျန်းမာရေးမှူး ဦးကျော်မင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများမြို့နယ် ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ ပလိပ်(အထက) နှင့်ဘယ်လင်းကျေးရွာရှိ  ကျောက်မိုင်းဝန်ထမ်း အိမ်ယာတို့တွင် Quarantineဝင်ရောက် နေသူ(၂၅)ဦးတို့အားနှာခေါင်း တို့ပတ်၊ အာခေါင်းတို့ပတ် ဓာတ်ခွဲ နမူနာများကို ရယူပြီးမန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဆိုင်ရာ  ဓာတ်ခွဲဌာန သို့  ဓာတ်ခွဲ နမူနာများ  ပို့ဆောင် ထားကြောင်းသိရှိရပြီး ကိုဗစ်-၁၉ရောဂါး ပိုးတွေ့ရှိသူ များနှင့်ထိစပ်ခဲ့သူ(၄၀)ဦးကို Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၅)ဦးမှာ ပိုးတွေ့ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင်ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူများအား ဆေးကုသခံယူရန်အတွက် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံနှင့်ပလိပ်တိုက်နယ်ဆေးရုံတို့တွင်  ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသခံယူနေသူ (၂၀)ဦးရှိပြီး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့် ရရှိသူ (၂၃၇)ဦး ရှိကြောင်းသိရသည်။

အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်-ပြန်/ဆက်)