မြရည်နန္ဒာရပ်ကွက်၌ ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာအသစ် တစ်လုံးထပ်မံတည်ဆောက်

ချမ်းမြသာစည် ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်ရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေးနှင့် ဌာနပိုင်ထရန်စဖော်မာ(Transformer) များ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ရက်(၁၀၀)စီမံချက်အနေဖြင့် ၆၀ x ၁၁၂လမ်း‌ထောင့် နှင့် ၇၀ x ၁၁၀ လမ်းထောင့်တို့တွင် ၁၁/၀.၄ကေဗွီ  (၃၁၅)ကေဗွီအေ ထရန်စ‌ဖော်မာ(၂)လုံး တည်ဆောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက ၅၂x၁၁၃ လမ်းထောင့်တွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာအသစ်(၁)လုံး ထပ်မံတည်ဆောက်သည်။

အဆိုပါ ထရန်စဖော်မာ(Transformer)အသစ်တစ်လုံး ထပ်မံတည်​ဆောက်ခြင်းအား ခရိုင် လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြရည်နန္ဒာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)