ပြည်ကြီးတံခွန်မြို့နယ် (က)ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ငါးဦး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ‌(က)ရပ်ကွက်၊ အောင်တံခွန်ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ငါး ဦး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇေယျာသန်းဦးဆောင်၍ မြို့နယ်ဥပဒေအရာရှိ ဦးရန်လင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်စောလွင်တို့က ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက သဘောဆန္ဒဖြင့်ကြီးကြပ်ရေးအဖွဲ့  ငါးဦးအား ရွေးချယ်တင်မြောက်‌ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)