ပြင်ဦးလွင်မြို့နယ်၌ ကျင်းပသည့် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပြင်ဦးလွင်  ဇွန်  ၁၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ၂ဝ၂၆ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၃ ရက် နံနက်က   မြို့ရှောင်ကားလမ်းဆုံ၊ မိုင်တိုင်အမှတ်- ၁၀/၇ မှ  အရှေ့မြောက်ဘက်၊ ပြင်ဦးလွင်- နောင်လှိုင် ကျေးရွာသွားလမ်း၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ်(၇) တွင်  ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင်  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးအောင်က အမှာစကားပြောကြားပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်ပြီး တိုင်းဒေသကြီးအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်း အင်အား  ၁၅၀၀  ခန့်တို့က မဟော်ဂနီ အပင်ပေါင်း ၁၅၀၀ စိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က သစ်ပင်များ စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက်)