ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအားတိုင်းရင်းဆေးဖြင့် အခမဲ့ ‌ကျန်းမာရေးစောင့်ရှောက်

နေပြည်တော် ဇွန် ၁၄

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ပျဉ်းမနားမြို့နယ်၊ အတွင်းရှိ  ပြည်သူများအား  တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကင်ပွန်းတန်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ၊ ဓမ္မာရုံ၌ဆောင်ရွက်ခဲ့ရာ ပျဉ်းမနား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဦး၊ နေပြည်တော်တိုင်းရင်း ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် ကျေးရွာနေပြည်သူများကို ကြည့်ရှုအားပေးကြသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျေးရွာနေပြည်သူများအား နေပြည်တော် တိုင်းရင်းဆေးရုံကြီးမှ ဆရာ/ဆရာမများက သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြော ရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာစသည့် ရောဂါများကိုကုသပေးခဲ့ပြီး တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာများနှင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးတွင် ကုသဆောင် ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)