ဥတ္တရခရိုင် ပြည်သူ့စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကျင်းပ

ဥတ္တရသီရိ ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ မှန်ကန်သော အတွေးအခေါ်များဖြင့် အပြောအဆိုအတတ်ပညာများ ဖွံ့ဖြိုးစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများ ပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ရင်းနှီးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဖေမြင့် ရေးသားထားသည့် ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလာသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ နွေဦးကိုကို၊ စာရေးဆရာမ ချယ်ချယ်(YU)နှင့် စာရေးဆရာမ နန်းနန်းစပါးကျီတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဥတ္တရခရိုင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုစာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံစာစောင်များ၊ သုတရသစာအုပ် စာစောင်များအား တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)