ငါန်းဇွန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေပါ သိမှတ်စရာ များ အား အသိပညာပေးခြင်းနှင့် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ရှင်းလင်း

ငါန်းဇွန် ၊  ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ယမန်နေ့နံနက် ၉နာရီ ၄၅ မိနစ်အချိန်က ၂၀၁၂ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် နည်းဉပဒေပါ သိမှတ်စရာများအား အသိပညာပေးခြင်းနှင့် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်းခြင်းအခေမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများနှင့် ရပ်ကျေးစာရေးများအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေပါ သိမှတ်စရာများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဆယ်အိမ်စု၊ ရာအိမ်စု၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များမှ  သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။                                                                                         

သက်နောင်ဦး(ငါန်းဇွန်)