နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်

နမ့်စန်() ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်()ကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့()ဦး ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်()ကျေးရွာအုပ်စု၊ အမှတ်()ကျေးရွာ ရွာလယ် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာ()ရွာမှ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်ချက်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ () မှ အဖွဲ့ခေါင်းဆောင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖေမောင်တင်က ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်အရည်အချင်းများနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး အမှတ်() ကျေးရွာအုပ်စုရှိ ကျေးရွာ()ရွာမှ ကျေးရွာနေပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့()ဦးကို စနစ်တကျ ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်(၁၁)ခုနှင့့်် ကျေးရွာအုပ်စု(၂၀)စု ရှိပြီး ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဦးဆောင်ကြီးကြပ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ()ဖွဲ့ဖြင့် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု အလိုက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)