တွံတေး ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ မိုင်တိုင် ၂၉ / ၆ မှ ၃၀ / ၀ အထိ၊ တွံတေး-မအူပင် ကားလမ်းဘေးဝဲ/ ယာ၌ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် ၂၀၂၆ ခုနှစ်၊ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့နံနက် ၇ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့်ပျိုးပင်များအား သက်ဆိုင်ရာများ၊ ဒေသခံများအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဗညားထောမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးထွန်အာကာနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးဖြင့် မန်ဂျန်ရှား (၅၅၀) ပင်၊ စိန်ပန်း (၁၅၀)၊ ပျဉ်းမ (၅၀) ပင်၊ ခရေ (၅၀) ပင် စုစုပေါင်း (၈၀၀) ပင်တို့ကို စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)