လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော မူးယစ်‌ဆေးဝါးဆိုးကျိုးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်သာယာ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်မူးယစ်‌ဆေးဝါးဆိုးကျိုးအန္တရာယ်အသိပညာပေးဟောပြောပွဲ ယနေ့နံနက် (၉) နာရီ၌ အမှတ် (၂) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) တွင် ကျင်းပပြုလုပ်သည်။

အသိပညာ‌ပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်‌ရေးအသင်းဗဟိုဥက္ကဋ္ဌ ဦးစိုး၀င်း ရဲချုပ် (ငြိမ်း) မှ မူးယစ်‌ဆေးဝါးနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောသည်။

ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်‌ရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်သော်မှ မူးယစ်‌ဆေးဝါးဆိုးနှင့် ဆိုးကျိုးများ အကြောင်းအသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ဌေးဌေး၀င်းမှ မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်ကျော်သီဟမှ မူးယစ်‌ဆေးဝါးအသိပညာပေးဟောပြောသည်။ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်မှ ဂါရ၀ပြုလက်ဆောင်များ အသီးသီးပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်‌ရေး အသင်းဗဟိုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရဲတပ်ဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌‌ပေးနံရံကပ်စာစောင်များ ပြသလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)