ကျောက်တန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းအခမ်းအနားကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သောကရတနာခန်းမ ယနေ့နနံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမို့မို့ခိုင်က သင်တန်းကျင်းပရခြင်း ရည်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ (၁၃၉) ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းကျန်းမာရေး တာဝန်ခံဆရာ ဆရာမ (၁၃၉) ဦး တက်ရောက်ပြီး သင်တန်းတာဝန်ခံဆရာ ဦးလှနိုင်နှင့် ဒေါက်တာရှိန်းဇေယျာဖြိုးတို့မှ ဟောပြောပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)