တောင်ဥက္ကလာပ ဇွန် ၁၂
သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် ပဒေသာအားကစားရုံ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံ ကရာတေးလူရွေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ပါသည်။
အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကရာတေးဆပ်ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကရာတေးအားကစားသမားများအား ယှဉ်ပြိုင်ရွေးချယ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံ ကရာတေးလူရွေးပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)