ဒဂုံဆိပ်ကမ်း ဇွန် ၁၂
ကျောင်းသား ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ခြင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်တွင် ကျင်းပသည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိဖြိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ၇ ဦးက သင်တန်းသား ဆရာ/ ဆရာမ ၄၁ ဦးအား နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ဆိပ်ကမ်း)