မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဟောပြော

မိုင်းယန်း ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စိုးပြည့်ပြည့်ထွေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့် ကလေးကျန်းမားရေးဌာန၊ တာဝန်ခံ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်က ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ရောဂါလက္ခဏာများ၊ ကုသရေးနည်းလမ်းများ စသည့်အကြောင်းအရာများ၊ ငှက်ဖျားရောဖြစ်စေနိုင်သည့် အကြောင်းအရာများ၊ ငှက်ဖျားပိုးကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ရောဂါလက္ခဏာများစသည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းထူး