(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဇွန် ၁၁

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းဆပ်ကော်မတီများဖြစ်ကြသည့် ဘဏ္ဍာရေးငွေထိန်းသိမ်းရေးလုပ်ငန်းဆပ်ကော်မတီ၊ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ လက်ခံထိန်းသိမ်းစာရင်းပြုစုရေး လုပ်ငန်းဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ မီးရှို့ဖျက်ဆီးခြင်း လုပ်ငန်းဆပ်ကော်မတီ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ စွန့်ပစ်ဖျက်ဆီးရေး လုပ်ငန်းဆပ်ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆပ်ကော်မတီ၊ မီးဘေးလုံခြုံရေး လုပ်ငန်းဆပ်ကော်မတီ၊ မီးရှို့ဖျက်ဆီးပြီး အမှိုက်များရှင်းလင်းရေး လုပ်ငန်းဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေး အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးအခမ်းအနား ကြိုဆိုနေရာချထားရေး လုပ်ငန်းဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးအခမ်းအနား ဧည့်ခံကျွေးမွေးရေး လုပ်ငန်းဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးအခမ်းအနား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆပ်ကော်မတီနှင့် ဆုချီးမြှင့်ရေးအခမ်းအနား ပြခန်းပြကွက်ပြင်ဆင်ရေး လုပ်ငန်းဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြ ပြီး ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)