ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ ကျောင်းနေအရွယ် ဝန်ထမ်းသား/သမီးများအတွက် စာရေးကိရိယာပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ ကျောင်းနေအရွယ် ဝန်ထမ်းသား/ သမီးများအတွက် စာရေးကိရိယာပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ဌာန (၃) ခုမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ အရာထမ်း/ အမှုထမ်းများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ပြီး ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးက လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ ကျောင်းနေအရွယ် ဝန်ထမ်းသား/သမီးများအတွက် စာရေးကိရိယာပစ္စည်းများကို ပေးအပ်ခဲ့သည်။ ထို့နောက် အဆိုပါ ဌာန (၃) ခုကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)