လှိုင်သာယာ(အနောက်) ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ် (Mobile Training Bus) ဖြင့် သွားရောက်၍ လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိ ပညာပေးဆွေးနွေးပွဲကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ စက်ရုံ (၂) ရုံတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်အတွင်းရှိ MYANMAR DIHUALI GARMENT CO., LTD အထည်ချုပ်စက်ရုံနှင့် MYANMAR DIXINDA GARMENT CO., LTD အထည်ချုပ်စက်ရုံတို့တွင် ဆောင်ရွက်ခဲ့ကြရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူက အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရသည်။
ကျော်သန်း(ပြန် / ဆက်)