တွံတေး၌ အခြေခံလက်လုပ်လက်စားများအား အိမ်တိုင်ရာရောက် Mask ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

တွံတေး ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  တွံတေးမြို့နယ်တွင် အခြေခံလက်လုပ် လက်စားများအား အိမ်တိုင်ရာရောက် Mask ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် အိုဘိုအနောက်ရပ်ကွက်ရှိ အောင်သိဒ္ဓိ နှင့် ဝက်ချောင်းသွား လမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 မြို့ပေါ်ပ်ကွက်ရှိ အိုဘိုအနောက်ရပ်ကွက်၊ အောင်သိဒ္ဓိနှင့် ဝက်ချောင်းသွားလမ်းရှိ အခြေခံ လက်လုပ် လက်စားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အခြေခံ အိမ်ထောင်စု(၁၀၀)စုအား တစ်အိမ်ထောင် လျှင် Mask (၁၀)ခုနှုန်းဖြင့် တစ်နေ့လျှင် Mask အခုရေ (၁၀၀၀)ကို ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်ပျံနှံ့မှု ကာလအတွင်း ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာရာတွင်လည်းကောင်း၊ စျေးရောင်း၊ စျေးဝယ်ပြုရာတွင် လည်းကောင်း Mask တပ်ဆင်ခြင်း Social Distancing နှင့်အညီ နေထိုင်သွားလာရန် ညွှန်ကြား ထားကြောင်း တွံတေးမြို့နယ် အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ လမ်းသွား လမ်းလာတိုင်  Mask တပ်ဆင်သွားလာရေး အသိပညာ ပေးခြင်းကို ဒုတိယဦးစီးမှူး ဦးရွှေပြည်စိုး ဦးဆောင်၍ သက်ဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများ၊ လမ်းသွား လမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများတွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာ ပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့် ပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)