ရန်ကင်းမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ များကို ပြည်သူများသိရှိစေရေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ရန်ကင်း ဇန်နဝါရီ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေ များနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ပြည်သူများ သိရှိစေရေး ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်း အချိန်က အမှတ်(၁)ရပ်ကွက်နှင့် (၄)ရပ်ကွက် တို့ရှိ မြို့မစာကြည့်တိုက်နှင့် အရိယမဂ္ဂင် ဘုန်းကြီးကျောင်း တို့ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယ အကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးခြင်း၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေး ရှင်းလင်းဆွေးနွေးခြင်း တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လ၀ကမှူး၊ မြို့နယ် ဥပဒေအရာရှိ၊ ဒုတိယမြို့နယ် ပညာ ရေးမှူးတို့က  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများမှ သိရှိလိုသည်များကို မေးမြန်း ရာ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေ များနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အတွင်းရှိပြည်သူများ တက်ရောက်ခဲ့ပြီး အဆိုပါ ရှင်းလင်း ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက် များအတွင်း အလှည့်ကျဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထေွ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရှိရသည်။

ခင်လေး(ပြန်/ဆက်)