တံတားဦး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Pfizer (Covid-19) ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမတွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာန တံတားဦးခရိုင် ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပေးမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ကျန်းမာရေးဦးစီးဌာန ခရိုင်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆက်စပ်သည့် ကျန်းမာရေးအသိပညာပေး(Health Education) လုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ပြီး ပြည်သူများ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခြင်းကို Covid-19 ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများ၊ Covid-19 ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအလုံးနှင့် မိသားစုဝင်များ၊ နာတာရှည် ရောဂါခံစားနေရသူများ၊ ကာကွယ်ဆေးနောက်ဆုံး အကြိမ်ထိုးနှံခဲ့သည့် ကာလ (၁၂)လ ပြည့်ပြီးသူများ ကိုယ်ခံအားနည်းရောဂါရှိ၍ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သူများကို ကျန်းမာရေးဝန်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)