ကမာရွတ် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်တွင် ယမန်နေ့ နေလယ်ပိုင်း (၂) နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမပေါ်ရှိ လုံးပတ် (၄) ပေ၊ အရှည် ပေ (၅၀) ခန့်ရှိ ညောင်ပင်နှင့် လုံးပတ် (၂) ပေ၊ အရှည်ပေ (၄၀) ခန့်ရှိ ဒညင်းပင်တို့ ပြိုလဲခဲ့ကြောင်း သိရပါသည်။
အဆိုပါသစ်ပင်ပြိုလဲနေမှုအား ကမာရွတ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး လူနှင့်ပစ္စည်းထိခိုက်ဆုံးရူံးမှုမရှိကြောင်း သိရပါသည်။
စိမ်းလဲ့ (ပြန်/ဆက်)