ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာလင်းက ကျောင်းစည်းကမ်းအကြောင်း ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အနာဂတ်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအကြောင်း ဟောပြောသည်။ ယင်းနောက် နည်းစနစ်မှူးက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၁)လုံးနှင့် ဘော်လီဘော(၁)လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)