မိုးနဲ ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်သို့ ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့် နမ့်စန်ခရိုင် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်းက မိတ်ဆက်အမှာစကား ပြောကြားရာတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများကို သတ်မှတ်ညွှန်ကြားချက် စည်းကမ်းများအတိုင်း လိုက်နာရောင်းချရန်နှင့် ဈေးနှုန်း၊ အရည်အသွေးနှင့် သတ်မှတ်ပမာဏများ မှန်ကန်စွာရောင်းချရေးတို့ကို ပြောကြားခဲ့ပြီး နမ့်စန်ခရိုင်အဆင့် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က ပြည်သူများစက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေနွေးပြောကြားခဲ့ရာ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိ ညွှန်ကြားရေးမှူး၊ ခရိုင်အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ စက်သုံးဆီဈေးနှုန်း၊ အရည်အသွေးနှင့် ပမာဏများ မှန်ကန်စွာ ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)