မော်လမြိုင် ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward 1,2,3 ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၉) ဦး ရောဂါပျောက်ကင်း၍ ယမန်နေ့၌ ဆေးရုံကဆင်းခွင့်ရကြောင်း သိရ သည်။
ထိုသို့ ဆေးရုံကဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ကျန်းမာရေး ဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ မိမိနေအိမ်တွင်ခုနစ်ရက် တိတိဆက်လက်နေထိုင်သွားရန်၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများ သီးသန့်ထားရှိအသုံး ပြုရန်၊ မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးခြားနေထိုင်ရန်၊မိတ်ဆွေများအား လည်းမိုဘိုင်းဖုန်း(သို့) အွန်လိုင်းမှသာဆက် သွယ်ပြောဆိုရန်၊ အိမ်ရှိအများသုံးပစ္စည်းကိုလည်း မကိုင်တွယ်မီနှင့်ကိုင်တွယ်ပြီးတိုင်းဆပ်ပြာနှင့် ရေကိုအသုံးပြု၍ စက္ကန့်နှစ်ဆယ်ကြာ အောင်လက် ကိုစနစ်တကျဆေးကြောခြင်း(သို့)အယ်လ်ကိုဟော ၆၀ရာခိုင်နှုန်းပါဝင်သောလက်သန့်ဆေးရည် ကိုအသုံးပြုစေရန်မှာကြားခဲ့သည်။
ဆေးရုံကဆင်းခွင့်ရရှိသည့် အတည်ပြုလူနာ(၂၉)ဦးကို ဆေးရုံဆင်းလက်မှတ်များပေး အပ်ခဲ့ပြီး ၎င်းတို့နေထိုင်သည့် မော်လမြိုင်၊ သထုံ၊ မုဒုံမြို့နယ်များသို့ မော်လမြိုင် RESCUE ကွန်ရက်လူမှု ကယ်ဆယ်ရေးအဖွဲ့က အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှသိရ သည်။
ပြည်နယ်(ပြန်/ဆက်)