မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်း ပြုလုပ်

မလှိုင် ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက သပြေပင်ကျေးရွာ SMU ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကြည်က အရင်းအနှီးနည်းပါးပြီး မိသားစုစားဝတ်နေရေးကို အထောက်အပံ့ဖြစ်စေသည့်အတွက် စိုက်ပျိုးကြရန်နှင့် မှိုစိုက်ပျိုးထုတ်လုပ်မှုသင်သန်း၏ ရည်ရွယ်ချက်များကို ဦးစွာပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဒေါ်စုနွယ်လှိုင်က မှိုစိုက်ပျိုးထုတ်လုပ်မှု အဆင့်အဆင့်နည်းပညာနှင့် မှိုကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးခြင်းအားဖြင့် မီးဖိုချောင်အသုံးစရိတ်များ ဖူလုံခြင်း၊ တောင်သူများအနေဖြင့် စီးပွားဖြစ်ထွန်းကာ မိသားစုစားဝတ်နေရေးကို ယခင်ကထက် သာယာစိုပြေနိုင်ကြောင်း ဆွေးနွေးပို့ချခဲ့သည်။ သင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦးနှင့် သပြေပင်ကျေးရွာမှ တောင်သူ (၈၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)