ပင်းတယမြို့နယ်၌  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (ဒုတိယ)အကြိမ်ဖွင့်ပွဲကျင်းပ

ပင်းတယ ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် "အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း" ဆောင်ရွက်မည့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် လူသုံးကုန်ထုတ်မှု နည်းပညာသင်တန်း(ဒုတိယ)အကြိမ်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၉) ရက်နေ့က ကျင်းပခဲ့ကြောင်း ‌သိရသည်။

ရှေးဦးစွာ‌ ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကား ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းအား ‌ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)