ကျောက်တံတား ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ရန်ကုန်မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက် လိုက်နာစေရေးတို့အတွက် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ကျောင်းသူလေးများနှင့် အမှိုက်စွန့်ပစ်ဌာနမှ အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ တေးသရုပ်ဖော် ကပြဖျော်ဖြေခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများ၊ အငှားယာဉ်များအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စတေကာများ ကပ်နှံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်း နှင့်ဌာနမှူးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားများဖြစ်ကြသည့် ဦးသိန်းနိုင်နှင့် ဦးကျော်မင်းထက်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)