မိုင်းစံမြို့ ဝမ်လီကျေးရွာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥဒေများအား ရှင်းလင်းဆွေးနွေး

မိုင်းစံ     ဇန်နဝါရီ      ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့၊ မိုင်းစံကျေးရွာအုပ်စု၊ ဝမ်လီကျေးရွာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေနည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းခြင်းကို ယနေ့ နံနက်  (၁၀)နာရီအချိန်က အဆိုပါ​ကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင်မိုင်းစံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို မိုင်းစံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ကျေးရွာနေပြည်သူတို့ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် အတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှုများ၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာများမှ တက်ရောက်လာသူများက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်ချို(ပြန်/ဆက်)