တိုက်ကြီးမြို့နယ်၌ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်

တိုက်ကြီး ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ရှုပ်ထွေးနေပြီး အမြင်မတင့်တယ်သည့် ဆက်သွယ်ရေးကြိုးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆေးရုံလမ်း၊ မီးသတ်လမ်းနှင့် မြို့လယ်လမ်းတို့တွင် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုက်ကြီးအိတ်ချိန်းရုံးမှ တာဝန်ခံဒေါ်ဇင်မာဖြိုး ဦးဆောင်၍ ဝန်ထမ်းများ၊ UC Link ဝန်ထမ်းများတို့ ပူးပေါင်းကာ ဆေးရုံလမ်း၊ မီးသတ်လမ်းနှင့် မြို့လယ်လမ်းတို့ရှိ ရှုပ်ထွေးနေသော Drop Fiber ကြိုးများရှင်းလင်းခြင်း၊ လျော့ကျနေသည့် ကေဘယ်လ်ကြိုးများ တင်းညှိခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်များအတွင်းရှိ ယင်းကဲ့သို့ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများရှိပါက ရှင်းလင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)