မိုင်းဖြတ်မြို့နယ်၌ လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကွင်းဆင်းဆောင်ရွက်ပေး 

မိုင်းဖြတ် ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၉ ရက်နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ကျောင်းသို့ ကွင်းဆင်း‌ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းနှင့်ဝန်ထမ်းများက အ.ထ.က (မိုင်းဖြတ်)မှ ကျောင်းသား(၄၂)ဦး ကျောင်းသူ (၅၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးနေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ အတွင်းရေးမှူး ဦးထွန်းရွှေနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့၍ လိုအပ်သည့်အ‌ခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကတ်များကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)