ဆီဆိုင် ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက တဘက်ကျေးရွာအုပ်စု၊ မဲဟဲကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစောဒေဝါထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တောအုပ်ဦးကျော်ကျော်သင်းက သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများတို့က မဲဟဲကျေးရွာ၊ ဘုန်းကြီးကျောင်းနှင့် အ.မ.က ကျောင်းဝန်းကျင် တို့၌ ကျွန်းပင်(၃၀၀)ပင်၊ မျောက်ငို(၁၀၀)ပင်၊ ခရေ(၂၀)ပင်၊ ယူကလစ်(၅၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်၊ စိန်ပန်းပြာ(၁၀၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်နှင့် ရေသင်းဝင်(၃၀)ပင်၊ စုစုပေါင်းပျိုးပင်(၇၅၀)ပင်တို့အား တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)