မိုင်းယောင်းမြို့၌ နွေစပါးအထွက်နှုန်း တိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နွေစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် တောင်သူ များအား နည်းပညာ ရှင်းလင်းမျှဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးနိုင်မင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးကျော်ကျော်မိုးနှင့် ကွင်းဝန်ထမ်းများက စိုက်စနစ်မှန်ကန်စေရေး၊ ဇကာပိုက်ဖြင့်ပျိုးထောင်ခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီစေရေး၊ လက်စမှန်ကန်စေရေးစသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများအား ရှင်းလင်းမျှဝေ ပေးသည်။

စိုက်ပျိုးရေးနည်းပညာများ မျှဝေပေးခြင်းဖြင့် စပါးအထွက်နှုန်း တိုးစေခြင်း၊ ပိုးသတ်ဆေး သုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ဒေသတွင်းတောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း