ကလော ဇွန် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ ၉ ရက်နေ့နံနက်ပိုင်းမှစ၍ ငုံးသုံကျေးရွာအုပ်စု သစ်အယ်သစ်ကျေးရွာ ရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်းနှင့်အဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သစ်အယ်သစ် ကျေးရွာနေပြည်သူ(၁၄၇) ဦးအားကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်နေ ပြည်သူများအား လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ဆေးစိမ်ခြင်ထောင်နှင့် အိမ်သာခွက်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးအတွက် အိမ်သာများစနစ်တကျ ဆောက်လုပ်ထားရှိမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)