ကလောမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကလော ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၉ ရက်နေ့မွန်းလွှဲ ၂ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင်အောင်ပန်းမြို့အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်မှ ရဲအုပ်ကျော်ဆန်းက လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင် ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် (၃၁၈) စောင်အား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း(ကလော)