သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် RCC (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်

သိန္နီ  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် RCC(၂) ထပ် ကျောင်းဆောင်သစ် အဆောက်အဦ ဆောက်လုပ်နေကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ် အဆောက်အဦအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပန္နက်စတင်ရိုက်ခဲ့ပြီး ယခုလက်ရှိ အချိန်တွင် အုတ်ရိုးစီခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်ပြီး ကျောင်းဆောင်သစ်အား တာ၀န်ယူဆောက်လုပ်သည့် ကုမ္ပဏီမှာ ရွှေငှက်သုံးကောင်ကုမ္ပဏီမှ တာ၀န်ခံအင်ဂျင်နီယာ ဦးစံ၀င်းဖြစ်သည်။ ကျောင်းဆောင်သစ် အမျိုးအစားမှာ RCC (၂)ထပ် (၁၀၀ပေ×၃၀ပေ) ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ (၁၇၆.၅)သန်းဖြစ်သည်။ အဆိုပါ ကျောင်းဆောင်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဖိုးချို (ပြန်/ဆက်)