မံစီ ဇန်နဝါရီ ၂၀
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ယမန်နေ့တွင် ခွေးရူး ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးကို “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်” စီမံချက်ဖြင့် မံစီမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေ ဦးဆောင်သည့် ဝန်ထမ်းများက အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးရာ တွင် အသိပညာပေး ပိုစတာဆိုင်းဘုတ်များကိုလည်း ပြသထားပြီး မံစီမြို့အတွင်းမှ ခွေးအကောင်ရေ စုစုပေါင်း(၆၉)ကောင်ကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရိန်(ပြန်/ဆက်)