ဝိုင်းမော် ဇန်နဝါရီ ၂၀
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော Volunteer များတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် N-95 Mask (၂၀)ဘူး၊ Surgical mask (၁၂၅၀၀)ခု၊ Hand Gel (၁၀၀)ဘူး၊ Apron ရှေ့ဖုံးခါးစည်း(၂၀၀)ခု၊ Face Shield (၃၀၀)ခု၊ Surgical Cap (၂၀၀)ခု၊ Surgical Gown (၅၀)ခု၊ Glove(တစ်ခါသုံး) (၅၀၀၀)ခု၊ ရော်ဘာGlove (၂၀၀၀)ခု၊ မျက်မှန် (Goggles)(၁၀၀)ခု လည်ရှည်ဖိနပ် (၅၀) ရံ၊ပိုးသတ်ဆေးရည် ဂါလံ(၃၀)၊ ဆေးဖြန်းပုံး(၃၀)၊ အမှိုက်ပုံးကြီး (၅၀)၊ အမှိုက်အိတ် (၁၀၀)ထုပ်၊ အိမ်သာဆေးရည် (၁၀၀)ပုလင်း ၊ အရက်ပြန်(၅၀၀)ပုလင်း၊ Disposable Table Sheet (၅၀၀)ခု၊ Hand Speaker (၃၀)ခု၊ PPE (level-2)(၂၀၀)ခု၊ အိပ်ယာစုံ(၅၀)နှင့် သန့်ရှင်းရေးပစ္စည်း Kit (၅၀)စုံတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြေင်းသိရသည်။
ဆောင်းလေး(ပြန်/ဆက်)