ကျောက်ပန်းတောင်းမြို့တွင် RDT Test Kit ဖြင့်စစ်ဆေးရာမှ Hotel Quarantine ဝင်ရောက်နေသူ(၂)ဦးအပါအဝင် (၈)ဦးရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း၊ ဇန်နဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံတွင် Quarantine ဝင်ရောက် နေသူများ နှင့် Hotel Quarantine ဝင်ရောက်နေသူများကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ Hotel Quarantine ဝင်ရောက်နေသူ(၂)ဦးနှင့် GTI Quarantine မှ (၆)ဦး စုစုပေါင်း(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် Quarantine ဝင်ရောက်နေသူ(၂၆၈)ဦးမှ Swab စစ်ဆေးရန်ကျန်ရှိသူ များအား၊  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ GTI တွင် Quarantine ဝင်ရောက်နေသည့်၊ အောင်မင်္ဂလာရက် ကွက်မှ အသက်(၁၇)နှစ်အရွယ် အမျိုးသား(၁)ဦး၊ ပြည်တော်သာ ရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၄)ဦး၊ GOHNE Hotel တွင် Quarantine ဝင်ရောက်နေသည့် ဘဲများကျေးရွာအုပ်စု၊ စီရင်စုကျေးရွာမှ အသက်(၅၀)နှစ်အရွယ် အမျိုးသား(၁) ဦးနှင့် အသက်(၂၂)အရွယ် အမျိုးသား(၁)ဦး စုစုပေါင်း (၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရပြီး၊ အဆိုပါ ပိုးတွေ့ လူနာများကို ကျောက်ပန်တောင်းမြို့နယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားရှိ၍ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို GTI Quarantine သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ မှ သိရသည်။

နေအောင်(ပြန်/ဆက်)