စမ်းချောင်း ဇန်နဝါရီ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများနှင့် လမ်းသွား လမ်းလာ ပြည်သူများ၊ စျေးရောင်းစျေးဝယ်သူများအား Mask စနစ်တကျ တပ်ဆင်စေ ရေးအတွက် Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပြု လုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်ကိုဗစ် - ၁၉ ကော်မတီ၏ ဦးဆောင်မှုဖြင့် စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ အဖွဲ့ဝင်များက လူစည်ကား ရာနေရာ များတွင် ပြည်သူများ အပြင်သွားရာ နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိသူများအား MASKများ အခမဲ့ဖြန့်ဝေခြင်း၊ Face Shield များအခမဲ့ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ စျေးများနှင့် လူစည်ကားရာနေရာများတွင် နေ့စဉ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခင်ချောစုဝင်း (ပြန်/ဆက်)