အလုံ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ စောတောင်ရပ်ကွက်၊ အလုံခန်းမတွင် ယမန်နေ့ညနေ (၅:၂၀) နာရီအချိန်က ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အားပြည်သူများ သိရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုလုပ်ငန်းစဉ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟစိုးက ဆွေးနွေး တင်ပြပြီး ပြည်သူများ၏သိလိုသည့်အချက်များအား မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
လုပ်ငန်းစဉ်ဆွေးနွေးပွဲသို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယ အကြိမ် ပြင်ဆင်သည့် နည်းဥပဒေ များနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ် ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်များအား ပြည်သူများ သိရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁) ရပ်ကွက်သို့ ကွင်းဆင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုးတို့မှ ဦးဆောင်ပြီး ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်တင်ချို