မရမ်းကုန်းမြို့နယ်၌ လူငယ်အသင်း (Youth Club) မှ “လူငယ်နှင့် ဘဝရဲ့တန်ဖိုး “စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်အသင်း (Youth Club) နှင့် ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန၌ ဇွန် ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မရမ်းကုန်းမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်မော်က လူငယ်များအနေဖြင့် သုတ၊ ရသစာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာများ ပိုမိုတိုးပွားလာစေနိုင်ကြောင်းနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ အောင်သင်း ရေးသားထားသော “လူငယ်နှင့် ဘဝရဲ့ တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စတင်ဆွေးနွေးခဲ့ရာ လူငယ်များအသင်း (Youth Club) အဖွဲ့ဝင်များတို့က မိမိ၏ထင်မြင်ယူဆချက်များနှင့် တွေးခေါ်မှုများအား တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးမျှဝေခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြု အသိပညာပေးလုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ (မရမ်းကုန်း)