ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

ညောင်ဦး ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇွန် ၈ ရက်၊နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကော်မတီအဖွဲ့ ဒုတိယရဲမှူးကြီး အေးမင်းစိုးက ညောင်ဦးခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ အားရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးတင်ပြကြသည်။ တင်ပြလာသည့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း