၁၁/၀.၄ကေဗွီ (၃၁၅) ကေဗွီအေ ထရန်စဖော်မာ (Transformer)(၂)လုံးအား ဝန်အားမျှကူနိုင်ရန်အတွက် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး ထပ်မံတပ်ဆင်

ချမ်းမြသာစည် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေးနှင့် ဌာနပိုင် ထရန်စဖော်မာ (Transformer)များ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ရက်(၁၀၀)စီမံချက်အနေဖြင့် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက ၆၁x၁၁၂ လမ်းထောင့်ရှိ ၁၁/၀.၄ ကေဗွီ  (၅၀၀)ကေဗွီအေ ထရန်စဖော်မာ (Transformer)နှင့် ၆၁x၁၁၃လမ်းထောင့်ရှိ ၁၁/၀.၄ကေဗွီ (၃၁၅) ကေဗွီအေထရန်စဖော်မာ (Transformer) (၂)လုံးတို့အား ဝန်အားမျှ ကူနိုင်ရန်အတွက် ၆၀x၁၁၂လမ်း ထောင့်တွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(Transformer) (၁)လုံး ထပ်မံ တပ်ဆင်ခဲ့သည်။

အဆိုပါ ထရန်စဖော်မာ(Transformer)(၁)လုံး ထပ်မံတပ်ဆင်ခြင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)