မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကြက်မွေးမြူ‌ရေး၊ ငါးမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၆

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ၊ သင်တန်းကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ပရိဝုဏ်အတွင်း၊ ဆေးရုံအဆောက်အဦနှင့် လူနာဆောင်များတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းစေရေးဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ထားရှိဆောင်ရွက်နေမှုများ၊  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူနာများ  သက်သောင့်သက်သာကုသမှုခံယူနိုင်ရေး၊ ကုသမှုအရည် အသွေးပိုမိုမြင့်မားစေရေး၊ ဆေးစတိုတွင် ဆေးဝါးများစနစ်တကျထားရှိရေး၊ လူနာများအား   စေတနာထားကုသပေးရေး၊ အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား၍ ‌ဆေးရုံအတွင်းရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဆောင်နှင့် ဆေးရုံအဆောက်အဦးများအား လှည့်လည်ကြည့်ရှု၍ လာရောက်ဆေးကုသခံယူနေသော လူနာများအား ကြက်ဥများဝေငှပေးသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပိန္နဲကုန်းစံပြကျေးရွာရှိ ဦးသက်ပိုင်စိုး၏ ကြက်မွေးမြူရေးခြံတွင် ပြည်နယ်မွေးမြူးရေးကုသရေးဦးစီးဌာန ညွှန်းကြားရေးမှူးက ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်အောင်မြင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီနည်းစနစ်များအသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးခြံသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ မွေးမြူးရေးခြံအတွင်း ဥစားကြက်အကောင်ရေ (၇၅၀၀)၊ အသားစားကြက် အကောင်ရေ(၆၀၀၀) မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးသက်ပိုင်စိုး၏ ငါးမွေးမြူရေးကန်တွင် ငါးမြစ်ချင်း(၁၅ဝဝဝ) ကောင်၊ ငါးတန် (၁၅ဝဝဝ)နှင့် ရေချိုငါးမုတ် (၁၅ဝဝဝ) မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးကာ မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)