ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်ဟောပြောဆွေးနွေး

ရန်ကုန်  ဇွန် ၅

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးကို ဖေါ်ဆောင်နိုင်ရေး ရည်ရွယ်၍ တက္ကသိုလ်ဆရာ၊ဆရာမများအနေဖြင့် အရည်အသွေးရှိသော သင်ကြားသင်ယူမှုစနစ်များ သိရှိနားလည်စေရန် အရည်အသွေးအာမခံမှုစံသတ်မှတ်ချက်များ သိရှိလိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအရည်အသွေးအာမခံမှု(QA)အကြောင်း သိကောင်းစရာဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာအောင်က သင်ကြားသင်ယူမှု၊ ချဉ်းကပ်မှုနည်းလမ်းများ အကြောင်းကို ဆွေးနွေးဟောပြောသည်။

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား(စီမံ)ဌာနမှုးများနှင့် ဘာသာရပ်ဌာန (၁၉) ဌာနတို့မှဆရာ ဆရာမများတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)