တွံတေးမြို့နယ်ကြည်တန်းကျေးရွာ၌ ကရင်ရိုးရာဂျပ်ခုတ်သင်တန်းဖွင့်လှစ်

တွံတေး ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်တွင်  တိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးမှကြီးမှူးကျင်းပသည့် ကရင်ရိုးရာဂျပ်ခုတ်သင်တန်းကို ယနေ့နံနက် ၁၁နာရီက တွံတေးမြို့နယ် ကြည်တန်းကျေးရွာအုပ်စု ကြည်တန်းကျေးရွာ အောင်သိဒ္ဓိဘုန်တော်ကြီးကျောင်း၌ ကျင်းပသည်။

 ဦးစွာ ရန်ကုန်တိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်းတို့က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်ကရှင်းလင်းပြောကြားသည်။

ယင်းနောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းအတွက်ချီးမြှင့်ငွေနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများအားပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစောစိုးမြင့်က လက်ခံရယူသည်။ ဆက်လက်၍ တွံတေးမြို့နယ်ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဟိုက်စင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

သင်တန်းတွင် ကရင်ရိုးရာဂျက်ခုတ်သင်တန်း၌သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ကာ သင်တန်းမှာဇွန်(၆)ရက်မှ(၂၆)ရက်အထိ ရက်(၂၀)ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 မျိုးလှိုင်(တွံတေး)