သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ တိုင်းရင်းသားပုံပြင်စာအုပ်များ လှူဒါန်း

သုံးခွ မတ် ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများနှင့် ကလေးငယ်များအား တိုင်းရင်းသားစာပေများ လေ့လာဖတ်ရှုနိုင်ရန် နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကားတတ်မြောက်မှု ရင်းနှီးကျွမ်းဝင်မှု မြင့်မားလာစေရန် မြန်မာစာပေနှင့် မြန်မာစကားလေ့လာရာတွင် အထောက်အကူပြုစေရန် အတွက် UNICEF မြန်မာမှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်များတွင် တိုင်းရင်းသား ၂၅ မျိုးတို့၏ စာပေနှင့် ရိုးရာပုံပြင်များကို တိုင်းရင်းသား ဘာသာစကား၊ မြန်မာဘာသာစကားတို့ဖြင့် လူမျိုးတစ်မျိုးလျှင် ၁၀ အုပ်နှုန်းဖြင့် စုစုပေါင်း(၂၅၀)အုပ်အား လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

တင်တင်ထွေး(သုံးခွ)