ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ဝမ်းတွင်း ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က လျော်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနှင့်ဝန်ထမ်းများက ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ရွာတန်းကျေးရွာအုပ်စု လျော်ပင်ကျေိးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဦးထွန်းထွန်းဦးနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်