မြစ်သားမြို့နယ်၊ ကူမဲမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး မီတာယူနစ်ဖတ်ချက် မှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ

မြစ်သား ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကူမဲမြို့ လျှပ်စစ်မန်နေဂျာ ဦးသန်းထွန်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး မီတာယူနစ်ဖတ်ချက် မှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ကူမဲမြို့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူမဲမြို့ လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး မီတာယူနစ်ဖတ်ချက် မှန်ကန်မှုရှိစေရေး ကြည့်ရှု့စစ်‌ဆေးသည်။ ထို့နောက် လျှပ်စစ်အန္တရာယ်ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်အတွက် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ၊ လဲကျ၊ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ ပေါက်ပြဲဟောင်းနွမ်းနေခြင်းဖြစ်ပါက ကိုင်တွယ်ခြင်းမပြု၍ လျှပ်စစ်ရုံးသို့ အကြောင်းကြားပေးရန်နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် ရေစိုလက်၊ ရေစိုဖိနပ်စီး၍ ကိုင်တွယ်အသုံးမပြုရန်တို့ ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)